Home » BackGround History

BackGround History

သမိုင်းအကျဉ်း

                    အစိုးရကွန်ပျူတာကောလိပ် (ထား၀ယ်)ကို ၂၀၀၂ခုနှစ် ၊ ဇန်နဝါရီလ (၇)ရက်နေ့မှ စ၍ ရှမ္မလည်ဆွဲရပ်တွင် တည်ရှိသော ထား၀ယ်ပညာရေးကောလိပ်၀င်းအတွင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ချိန်တွင် ကွန်ပျူတာအသုံးချကျွမ်းကျင်မှုသင်တန်းနှင့် ပထမနှစ်သင်တန်းဟူ၍ ဖွင့်လှစ်ခဲ့ရာ ၂၀၀၂ခုနှစ်အတွက် ပထမနှစ်ကျောင်းသူ (၃)ဦးနှင့် ကွန်ပျူတာအခြေခံကျွမ်းကျင်မှု သင်တန်း မှ ကျောင်းသား၊ ကျောင်းသူဦးရေ (၄၄)ဦးဖြင့် စတင် သင်ကြားပို့ချခဲ့ပါသည်။ထို့နောက် ၂၀၀၄ခုနှစ်မှစ၍ နှစ်စဉ် ကွန်ပျူတာကောလိပ် (ထား၀ယ်)မှ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ ဘွဲ့ရများ မွေးထုတ်ပေးလျက်ရှိရာ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ် (ထား၀ယ်)မှ မဟာသုတ သိပ္ပံဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ (၂)ဦးကို ၂၀၀၈ခုနှစ်မှ စတင်၍ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ၂၀၀၉ခုနှစ် ၊ ဇန်နဝါရီလမှစ၍ ကွန်ပျူတာတက္ကသိုလ်(ထား၀ယ်)ကို ယခုလက်ရှိတည်နေရာ ဖြစ်သော လေယဉ်ကွင်းလမ်း ၊ ​ညောင်ရမ်းတောင်ရပ်သို့ ပြော့င်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ခေတ္တကျောင်းအုပ်ကြီးအဖြစ် ဒေါက်တာခင်အေးသန်း ၊ ပါမောက္ခ၊ Ph.D (IT) မှ တာ၀န်ယူဆောင်ရွက် လျက်ရှိပါသည်။

Brief History of Computer University (Dawei)

          On 7th January 2002,Government Computer College (Dawei) was opened in Education College Campus situated in Shan Ma Lei Swe’ Ward, Dawei. At the beginning time, Computer Application Course with 44 students and first year course with 3 students were opened. Since 2004, Computer College annually produces graduates. On 20th January, 2007, Computer College was upgraded into Computer University (Dawei). In 2008, two graduates of Master of Information Science were produced from Computer University (Dawei). In January, 2009, Computer University was moved to the current location of Airport Road, Nyaung-yang-Taung Ward, Dawei. At present, the principal is Associate Professor Dr. Khin Aye Than (Ph.D IT).